တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော ဗုဒ္ဓဂုဏ်တော်နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ ”ခေါင်းဖြတ်ချင်သူ” ဆောင်းပါး

ခေါင်းဖြတ်ချင်သူ သုခဝေဒနာ၊  စိမ့်ရည်ဖြာသည့်ရသာမြိန်ရွှမ်း၊ အစိမ့်မွှန်းကသွန်းသွန်းဆူကြွ၊  ထိုသုခကိုပိယဟူသား၊  အချစ်ပွား၍ခြောက်ပါးဝေဒနာ၊  မြိန်ယှက်စွာကိုလွယ်ကာမနှေး၊ လိုတိုင်းပေးသည်သူဌေးရတနာ၊  ပမာအလားကြင်မယားနဲ့၊ ဝတ်စားရွှေငွေလယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်သဘင်ပွဲလမ်း၊  အခန်းခန်းတည်းပန်းမျိုးနံ့သာ၊  အဖြာဖြာလျှင်ရူပါရမ္မဏ၊  စသည့်အပုံပဉ္စာရုံနှင့်၊ ခြောက်စုံဖဿစက္ခုစသား၊  ဒွါရခြောက်မည်အကြည်အလင်း၊  ကိုယ်တွင်းဓာတ်စုအစုစုလျှင်၊  ဗဟုဘေဒါများပြားစွာသည်၊  ဓမ္မာရမ္မဏကာမဝတ္ထု၊ အစုအပုံခြောက်အာရုံ  ၊  ခုံတမင်မင်ခင်တများများ၊ နေ့စဉ်ပွား၍တရားအချက်၊ သဘောနက်ကိုအိပ်မက်တွင်မျှ၊  မမြင်ကြဘဲကာမထောင်တွင်း၊  ခန္ဓာကင်းသည်ခြောက်သင်းတဏှာ   စွမ်းရည်တည်း။ (လယ်တီဆရာတော်၊  ပဋိစ္စသမုပ္ပါဒ်ဒီပနီ၊  အပိုဒ် -၇) ရှင်သာမဏေဘဝက  ကျက်မှတ်ခဲ့ဘူးတဲ့  ဆရာတော်ကြီးရဲ့  သံဝေဂတရားကဗျာတွေထဲက  အကြိုက်နှစ်သက်ဆုံး  ကဗျာတစ်ပိုဒ်ပါ။   ကံတရားအစစ်မှာ  မျက်စိရှေ့တင်ရှိနေပါလျှက်   အရှာရခက်သလို   ရှိနေကြတဲ့  ပုထုဇဉ်  လူသားတွေကို  ရှင်းခနဲ၊  လင်းခနဲမြင်အောင်  ပြလိုက်တဲ့ကဗျာလေးပါ။  သိအောင်မြင်အောင်  နှိုက်နှိုက်ချွတ်ချွတ်  လေ့လာကြဖို့ဝေးလို့  အိပ်မက်တောင်  ယောင်လို့  … Continue reading တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားပြုစုသော ဗုဒ္ဓဂုဏ်တော်နှင့် ကိုယ်တွေ့ဖြစ်ရပ်ဆန်းစာအုပ်မှ ”ခေါင်းဖြတ်ချင်သူ” ဆောင်းပါး